၁၂။ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို အစိုးရအဖွဲ့သို့ နှစ်စဉ်အစီရင်ခံ တင်ပြခြင်း၊
(ခ) ဤဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ) စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စများကို အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(ဃ) စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများ ချမှတ်ခြင်း၊
(င) ထူးခြားသည့် အခြေအနေနှင့် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာပါက မိမိ၏လုပ်ငန်းဆောင်ရွက် ထားရှိမှု အစီအမံများကို အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(စ) စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့် ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရန် ဦးစားပေး ကဏ္ဍများ သတ်မှတ်ပေးခြင်း၊
(ဆ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ကုန်စည်ကို သက်ဆိုင်ရာ အစိုးရဌာနများ၏ ဓာတ်ခွဲခန်း များနှင့် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးနိုင်ရန် ဦးစီးဌာနသို့ တာဝန် ပေးအပ်ခြင်း၊
(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူ ရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံးသူရေးရာကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊
(ဈ) ဦးစီးဌာန သို့မဟုတ် ကော်မတီက တင်ပြလာသည့်ထူးခြားသော အခြေအနေများ၊ လုပ်ငန်းစဉ်များ၊ ဒဏ်ကြေးငွေ ချမှတ်ခြင်းများနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊
(ည) ကော်မတီက ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အပေါ် အယူခံမှုကို သတ်မှတ်ကာလအတွင်း အဆုံးအဖြတ်ပေးခြင်း၊
(ဋ) စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
(ဌ) စားသုံးသူများအား ကြီးမားသော ဘေးအန္တရာယ်ဖြစ်ပေါ်စေခဲ့လျှင် သို့မဟုတ် နစ်နာဆုံးရှုံးစေ ခဲ့လျှင် လိုအပ်သလို အရေးပေါ်အစည်းအဝေးများ ခေါ်ယူကျင်းပ၍ စီမံဆောင်ရွက်ခြင်း။