၃၀။ ဦးစီးဌာနသည်-
(က) ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းနိုင်စေရန် သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်နိုင်ရန်နှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်နိုင်ရန် ဆောင်ရွက်ရမည်။
(ခ) ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်။
၃၁။ ဦးစီးဌာနသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဘေးအန္တရာယ်ရှိသော ကုန်စည်ကိုဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းတို့ကို ဆောင်ရွက်ရမည်-
(က) စစ်ဆေးရေးအရာရှိ၏ စောင့်ကြည့်လေ့လာချက်နှင့် သက်ဆိုင်ရာ အစိုးရဌာနများ၏ စစ်ဆေးတွေ့ ရှိချက်များအရ ဘေးအန္တရာယ်ရှိသည်ဟု ဦးစီးမှူးရုံးက တင်ပြလာသည့်ကိစ္စ၊
(ခ) စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှ အစီရင်ခံတင်ပြသည့် ဘေးအန္တရာယ် ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိသည်ဟု သက်ဆိုင်ရာကော်မတီက အကြောင်းကြားလာသည့်ကိစ္စ။
၃၂။ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ဘေးအန္တရာယ်ရှိသော ကုန်စည်များအား မိမိသဘောဆန္ဒ အလျောက် ပြန်လည်သိမ်းဆည်းလိုပါက ပြန်လည်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းမည့်အစီအမံအား သက်ဆိုင်ရာဦးစီးမှူးရုံးသို့ အသိပေးတင်ပြခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်ရမည်။
၃၃။ ဦးစီးဌာနသည် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို သတ်မှတ်ထုတ်ပြန်ရမည်။
၃၄။ ဦးစီးဌာနသည် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်မှုကို စားသုံးသူထံ မှန်ကန်သောသတင်းအချက်အလက်များကို သတ်မှတ်ထုတ်ပြန်ရမည်။