၂၇။ စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလအတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန်ပျက်ကွက်လျှင် စားသုံးသူသည် အောက်ပါတို့ကို တောင်းဆိုပိုင်ခွင့်ရှိသည်-
(က) ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေး ရန်၊
(ခ) အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန်။