၁၈။ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ခ) စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းနိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူခြင်း၊
(ဂ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်စေနိုင်သည့် သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို မှန်ကန်မှု ရှိ မရှိ စုံစမ်းနိုင်ရန်အလို့ငှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊
(ဃ) ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တင်ပြချက်များကို ဆုံးဖြတ်ပေးခြင်း၊
(င) ပုဒ်မ ၂၁၊ ၂၄၊ ၂၅ နှင့် ၂၇ တို့ပါ ပြဋ္ဌာန်းချက်နှင့် အခန်း (၂၃)ပါ တားမြစ်ချက်များမှအပ ဤဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို စီးပွားရေးလုပ်ငန်းရှင်မှ လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိပါက ပုဒ်မ ၅၃ တွင် ဖော်ပြထားသည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်ခြင်း၊
(စ) ပုဒ်မ ၅၂ အရ သက်ဆိုင်ရာဦးစီးမှူးရုံးက ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အပေါ် အယူခံမှုကို အဆုံးအဖြတ်ပေးခြင်း၊
(ဆ) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကော်မရှင်သို့ တင်ပြခြင်း၊
(ဇ) ကော်မရှင်က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။