၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ကော်မတီကို ၁၅ ဦးထက်မပိုသော အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) |
ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
(၂) |
ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ |
(၃) |
သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ် ရာထူးအောက်မနိမ့်သော ပုဂ္ဂိုလ်များ |
အဖွဲ့ဝင်များ |
(၄) |
သင့်လျော်သော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ စီးပွားရေး ပညာရှင်တစ်ဦး |
အဖွဲ့ဝင် |
(၅) |
သင့်လျော်သော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေပညာရှင်တစ်ဦး |
အဖွဲ့ဝင် |
(၆) |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ |
အဖွဲ့ဝင် |
(၇) |
ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် |
အတွင်းရေးမှူး |
(ခ) ပုဒ်မခွဲ (က) အရ ကော်မတီဖွဲ့စည်းရာတွင် လိုအပ်ပါက တွဲဖက်အတွင်းရေးမှူးကို သတ်မှတ်တာဝန် ပေးအပ်နိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ကော်မတီကိုလိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကာကွယ်ပေးမှု အစီအမံကျင့်သုံးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနက တင်ပြလာ သည့် ကနဦး စိစစ်ချက်များအပေါ် စုံစမ်းစစ်ဆေးရန် သင့် မသင့် ဆုံးဖြတ်ခြင်း၊
(ခ) စုံစမ်းစစ်ဆေးခြင်းနှင့် အကြံပြုသုံးသပ်ချက်များဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊
(ဂ) ဦးစီးဌာနမှတစ်ဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကတင်ပြလာသည့် စုံစမ်းစစ်ဆေးချက်များနှင့် အကြံပြု သုံးသပ်ချက်များကို စိစစ်၍ သင့်လျော်သည့် ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ခြင်း၊
(ဃ) ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
(င) ကာကွယ်ပေးမှု အစီအမံများကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ခြင်း၊
(စ) ဤဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနကို အကြံပြုခြင်း၊
(ဆ) ဤဥပဒေကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျုံးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ လိုအပ်သော စာရင်းဇယား၊ အချက်အလက်၊ သက်သေ အထောက် အထားများ တောင်းခံနိုင်ခြင်း၊
(ဇ) မိမိ၏ လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ဦးစီးဌာန သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တာဝန်ပေးဆောင် ရွက်စေခြင်း၊
(ဈ) လိုအပ်ပါက လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။