Myanmar Competition Commission
Home \ News List \ News Detail
GIZ အဖွဲ့မှ ဖွင့်လှစ်ပို့ချသည့် အင်္ဂလိပ်ဘာသာရပ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း (၂၆-၁၀-၂၀၁၅)

26 October, 2015


ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲရှိ ဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ရေးအတွက် GIZ အဖွဲ့မှ ဖွင့်လှစ်ပို့ချမည့် အင်္ဂလိပ်ဘာသာရပ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)တွင် ကျင်းပခဲ့ပါသည်။ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး  English Language Trainer Mr. Henry Twirlwall က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ ပါသည်။

သင်တန်းမှာ သင်တန်းကာလ (၃)လ ကြာမြင့်ပြီး ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ဝန်ထမ်း (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ