Myanmar Competition Commission
Home \ News List \ News Detail
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိမော်စကိုအမျိုးသားသုတေသနတက္ကသိုလ်၊အဆင့်မြင့် စီးပွားရေးပညာဌာနတွင်ကျင်းပပြုလုပ်ခဲ့သည့် ဈေးကွက်လက်ဝါးကြီးအုပ်ဆန့်ကျင်ရေးမူဝါဒနှင့်စပ်လျဉ်းသည့် (၉)ကြိမ်မြောက်နိုင်ငံတကာညီလာခံသို့ ကော်မရှင်ရုံးမှ အရာထမ်းများအွန်လိုင်းဖြင့်တက်ရောက်

20 November, 2024


နေပြည်တော်၊ နိုဝင်ဘာလ၂၀

     ဈေးကွက်လက်ဝါးကြီးအုပ်ဆန့်ကျင်ရေးမူဝါဒနှင့်စပ်လျဉ်းသည့်(၉)ကြိမ်မြောက် နိုင်ငံတကာညီလာခံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိမော်စကိုအမျိုးသားသုတေသနတက္ကသိုလ် အဆင့်မြင့်စီးပွားရေးပညာဌာန၌ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါညီလာခံတွင်“ခေတ်သစ်စီးပွားရေးအခြေအနေများနှင့် ယှဉ်ပြိုင်မှုမူဝါဒဖွံ့ဖြိုးတိုးတက်ရေးအလားအလာများ”၊“စီးပွားရေးလုပ်ငန်းများမတရားသဖြင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအမှုကိစ္စများအပေါ် စုံစမ်းစစ်ဆေးခြင်း”၊ “ရုရှားနိုင်ငံယှဉ်ပြိုင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်များဖလှယ်ရောင်းဝယ်ရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုခြင်း”နှင့် “ဘဏ္ဍာရေးဈေးကွက်များတွင် ဈေးကွက်လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးစည်းမျဉ်းများ” အစရှိသည့် ခေါင်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

     ညီလာခံသို့မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့်တက်ရောက်ခဲ့ကြပါသည်။

 

ဆက်စပ်သတင်းများ