ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၁၁) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း

၃၄။    ကော်မတီသည် ဤဥပဒေအရ ထုတ်ပြန်သောအမိန့်၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဖောက်ဖျက်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူကို အောက်ပါအရေးယူမှု တစ်ရပ် ရပ်ဖြင့်ဖြစ်စေ၊ တစ်ရပ်ထက်ပိုသော အရေးယူမှုများဖြင့်ဖြစ်စေ ဆုံးဖြတ်ဆောင်ရွက်နိုင်သည်-      (က)    သတိပေခြင်း၊

          (ခ)   သတ်မှတ်ထားသော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

          (ဂ)   လုပ်ငန်းဆောင်ရွက်ခြင်းကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၃၅။    ကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် အဆိုပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ အယူခံဝင်ရောက်ခွင့်ရှိသည်။

၃၆။    (က)    ကော်မရှင်သည် ပုဒ်မ ၃၅ အရ အယူခံသည့်အခါ ကော်မတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

          (ခ)     ပုဒ်မခွဲ(က)အရ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၃၇။    ပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ)ပါ သတ်မှတ်ထားသော ဒဏ်ကြေးငွေကို ပေးဆောင်ခြင်းမရှိပါက ဝင်ငွေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကော်ခံရမည်။

၃၈။    ဤဥပဒေအရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူမှုသည် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။