ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၆) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးများ

၂၀။ (က) ဥပဒေနှင့်အညီတည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လိုသူသည် ဗဟိုဘဏ်၏ မှတ်ပုံတင်လက်မှတ်ရရှိရန် ဗဟိုဘဏ် သို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ငန်းကို လုပ်ကိုင်သူများသည် ဆက်လက်လုပ်ကိုင်လိုပါက ဗဟိုဘဏ်၏ မှတ်ပုံတင်လက်မှတ်ရရှိရန် ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

၂၁။ ဗဟိုဘဏ်သည် ပုဒ်မ ၂၀ အရ လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ်ကို သတ်မှတ်ချက်များ နှင့်အညီ စိစစ်၍ ထုတ်ပေးရမည်။

၂၂။ ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သော စည်းကမ်းချက်များ သတ်မှတ် နိုင်သည်-

(က) အုပ်ချုပ်မှုအတွက် လိုအပ်ချက်များ၊

(ခ) ပွင့်လင်းမြင်သာမှုနှင့် ထုတ်ဖော်ပြောဆိုရန် လိုအပ်ချက်များ၊

(ဂ) ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ အကာအကွယ်ပေးရေး ကိစ္စများ၊

(ဃ) အစီရင်ခံစာများတင်ပြခြင်းဆိုင်ရာ လိုအပ်ချက်များ၊

(င) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ကြပ်မတ်ကွပ်ကဲခြင်းဆိုင်ရာ ကိစ္စရပ်များ။

၂၃။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဗဟိုဘဏ်ကချမှတ်သည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းများ အားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ပါဝင်ဆောင် ရွက်နိုင်သည်-

(က) ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်းများ၊

(ခ) အငှားချထားသည့် လုပ်ငန်းများ၊

(ဂ) ကြွေးမြီများ ဝယ်ယူကောက်ခံသည့် လုပ်ငန်းများ၊

(ဃ) အကြွေးဝယ်ကတ်လုပ်ငန်းများ၊

(င) ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊

(စ) ဗဟိုဘဏ်က သတ်မှတ်သည့် အခြား ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ၊

(ဆ) ဗဟိုဘဏ်က အခါအားလျော်စွာ ခွင့်ပြုသည့် အခြားလုပ်ငန်းများ။

၂၄။ နိုင်ငံခြားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုသည် နိုင်ငံတော်တွင် ဤဥပဒေနှင့်အညီ ကိုယ်စား လှယ်ရုံးဖွင့်လှစ်လိုပါက မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဗဟိုဘဏ်သို့ လျှောက် ထားရမည်။

၂၅။ ဗဟိုဘဏ်သည်-

(က) ပုဒ်မ ၂၄ အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ဆုံးဖြတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်း၏ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်ပြုပါက လိုအပ်သော စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍  မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၂၆။ (က) မှတ်ပုံတင်လက်မှတ်ရရှိသော ကိုယ်စားလှယ်ရုံးသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် လုပ်ငန်းဆောင်ရွက်ချက်များ သို့မဟုတ် ခွင့်ပြုသည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်။

(ခ) မည်သည့် နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းမျှ ယင်း၏ကိုယ်စားလှယ်ရုံးမှတစ်ဆင့် နိုင်ငံတော် အတွင်း ဘဏ်လုပ်ငန်း သို့မဟုတ် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခြင်း မပြုရ။

၂၇။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်း အသီး သီးသည် ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ် ထုတ်ပေးလျှင်-

(က) သတ်မှတ်သည့် အခကြေးငွေများကို ဗဟိုဘဏ်သို့ ပေးသွင်းရမည်။

(ခ) မည်သည့်အချိန်တွင်မဆို ယင်း၏လုပ်ငန်း သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ဗဟိုဘဏ်က သတ်မှတ်တောင်းခံသည့် အချိန်ကာလအလိုက် အစီရင်ခံစာများကို တင်ပြ ရမည်။

၂၈။ (က) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံးသည် ယင်း၏ သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းတစ်ခုခုတွင် ပြင်ဆင်မှု သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုပြုလုပ်လျှင် သုံးလအတွင်း ဗဟိုဘဏ်သို့ အကြောင်းကြား ရမည်။

(ခ) ပုဒ်မခွဲ (က) ပါ အကြောင်းကြားချက်ကို ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း သို့မ ဟုတ် ကိုယ်စားလှယ်ရုံး၏ ဒါရိုက်တာတစ်ဦးက ဥပဒေနှင့်အညီ ကြေညာ၍ အတည်ပြုရမည်။

၂၉။ (က) ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်တစ်ခုခုအတွက်လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ပြန်တမ်း တွင် အမိန့်ထုတ်ပြန်၍ ဤဥပဒေ၏ ပြဋ္ဌာန်းချက်အားလုံး သို့မဟုတ် အချို့သည် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ရုံး တစ်ခုခုနှင့်သော်လည်းကောင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် ကိုယ်စားလှယ်ရုံးအတန်းအစား သို့မဟုတ် အမျိုးအစားတစ်ခုခုနှင့် သော်လည်းကောင်း ယေဘုယျအားဖြင့် သက်ဆိုင်စေရမည်ဟု ကြေညာနိုင်သည်-

(၁) ငွေကြေးတည်ငြိမ်မှုနှင့် ငွေရေးကြေးရေး စနစ်ခိုင်မာမှု မြှင့်တင်ရေး၊

(၂) နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ချေးငွေအခြေအနေကို ထိန်းကျောင်းပြုပြင်ရေး၊

(၃) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းကဖြစ်စေ၊ ကိုယ်စားလှယ်ရုံးကဖြစ်စေ လုပ်ကိုင်သောလုပ်ငန်း သို့မဟုတ် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရေး။

(ခ) ပုဒ်မခွဲ (က)အရ အမိန့်တစ်ရပ်ကို အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာသည့်အခါ အဆိုပါဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ ကိုယ်စားလှယ်ရုံး၊ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံး အတန်းအစား၊ အမျိုးအစားနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဘဏ်နှင့် သက်ဆိုင်သကဲ့သို့ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း၊ ကိုယ်စားလှယ်ရုံးနှင့် သော်လည်းကောင်း၊ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံး၏ အတန်းအစား သို့မဟုတ် အမျိုးအစားနှင့် သော်လည်းကောင်း သက်ဆိုင်စေရမည်။

၃၀။ ဗဟိုဘဏ်သည် ပုဒ်မ ၂၉ တွင် ဖော်ပြထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်ရုံးစာရင်းအားလုံးကို နှစ်စဉ်ထုတ်ပြန်ကြေညာရမည်။