ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂၅) တားမြစ်ချက်များ

၁၅၈။ မည်သူမျှ လိုင်စင်မရှိဘဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရ။

၁၅၉။ မည်သူမျှ ဗဟိုဘဏ်မှ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်း မပြုရ။

၁၆၀။ မည်သူမျှ လိုင်စင်ရရှိရန် ဗဟိုဘဏ်သို့ လျှောက်ထားတင်ပြရာတွင် အချက်အလက်တစ်ခုခုကို လိမ်လည်ဖော်ပြ လျှောက်ထားခြင်း မပြုရ။

၁၆၁။ အောက်ပါအဖွဲ့အစည်းများမှအပ မည်သူမျှ လိုင်စင် သို့မဟုတ် ဗဟိုဘဏ်က စာဖြင့်ကြိုတင် ခွင့်ပြုချက်မရရှိဘဲ မိမိလုပ်ငန်းအမည်တွင် ဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ်၊ ဘဏ် လုပ်ငန်းရှင် သို့မဟုတ် ဘဏ်လုပ်ငန်း ဆိုသည့် စာသားများကို အသုံးမပြုရ-

(က) ဘဏ်၏အသင်းအဖွဲ့တစ်ရပ်ရပ်၊

(ခ) ဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရဖြစ်စေ ယင်းအသုံးအနှုန်း အခြေကျ နေသော အသင်းအဖွဲ့၊

(ဂ) နိုင်ငံခြားဘဏ်၏ ကိုယ်စားလှယ် သို့မဟုတ် ရုံး၊

(ဃ) ဘဏ်လုပ်ငန်းလုပ်ကိုင်သော အစိုးရကိုယ်စားလုပ်ကိုင်သည့် အဖွဲ့အစည်း၊

(င) ဗဟိုဘဏ်က အများပြည်သူသိရှိနိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာ၍ ကင်းလွတ်ခွင့်ပေး သော ပုဂ္ဂိုလ်တစ်ဦးဦး။

၁၆၂။ မည်သည့်နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းမျှ ဗဟိုဘဏ်ကထုတ်ပေးသော မှတ်ပုံတင်လက် မှတ်မရှိဘဲ ကိုယ်စား လှယ်ရုံး ဖွင့်လှစ်တည်ထောင်ခြင်း မပြုရ။

၁၆၃။ မည်သူမျှ လိုင်စင်မရှိဘဲ အပ်နှံငွေလက်ခံသည့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၁၆၄။ မည်သူမျှ ဗဟိုဘဏ်ကထုတ်ပေးသော မှတ်ပုံတင်လက်မှတ် သို့မဟုတ် စာဖြင့် ကြိုတင်ခွင့်ပြုချက် မရှိဘဲ ငွေရေးကြေးရေး ကုမ္ပဏီလုပ်ငန်း၊ အငှားချထားသည့် လုပ်ငန်း၊ ကြွေးမြီများ ဝယ်ယူကောက်ခံ သည့်လုပ်ငန်း၊ ချေးငွေတိုကင်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းစသည့် စကားရပ်ကိုလည်း ကောင်း၊ ထိုသို့သဘောသက်ရောက်သည့် ဖော်ပြချက်တစ်ခုခုကို လည်းကောင်း အသုံးမပြုရ။

၁၆၅။ မည်သည့်ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မျှ ဗဟိုဘဏ်၏ စာဖြင့်ကြိုတင် ခွင့်ပြုချက် မရှိဘဲ ပြည်တွင်း သို့မဟုတ် ပြည်ပရှိပုဂ္ဂိုလ်တစ်ဦးဦးထံမှ အပ်နှံငွေရရှိရန် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ သဘောတူ စာချုပ်ချုပ်ဆိုခြင်း သို့မဟုတ် သဘောတူစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခြင်းမပြုရ။

၁၆၆။ မည်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းမျှ မိမိလုပ်ငန်းနှင့် စပ်လျဉ်း၍ လိမ်လည်ဖော်ပြခြင်း၊ လိမ်လည်ကြော်ငြာခြင်း မပြုရ။

၁၆၇။ လိုင်စင်ရရှိသူသည် မိမိ၏ လိုင်စင်ကို အခြားသူအား လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရ။

၁၆၈။ လိုင်စင်ရရှိသူသည် ဗဟိုဘဏ်၏စာဖြင့် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတစ်ခုခုကို မပြုလုပ် ရ-

(က) မိမိဘဏ်လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊

(ခ) အခြားဘဏ်၏ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဝယ်ယူခြင်း၊

(ဂ) အခြားဘဏ်တစ်ခုခုနှင့် ပူးပေါင်းခြင်း၊

(ဃ) နိုင်ငံခြားဘဏ်က မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဝယ်ယူခြင်း၊

(င) နိုင်ငံခြားဘဏ်က မြန်မာနိုင်ငံရှိ ၎င်း၏ ဘဏ်လုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ရောင်းချခြင်း။

၁၆၉။ မည်သည့် အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင် ထုတ်ဝေသူမဆို ဤဥပဒေ၏ ပြ ဋ္ဌာန်းချက်ကို သော်လည်းကောင်း၊ ဤဥပဒေပုဒ်မ တစ်ခုခုအရ ထုတ်ပြန်သည့် စည်းမျဉ်းများကိုသော် လည်းကောင်း ချိုးဖောက်ခြင်းမပြုရ။

၁၇၀။ မည်သည့် ပုဂ္ဂလိကချေးငွေ သတင်းအချက်အလက်ဌာနမျှ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ရယူသူ စည်းမျဉ်းများကို ချိုးဖောက်ခြင်းသော်လည်းကောင်း၊ ချေးငွေဆိုင်ရာ သတင်းအချက်အလက် အစီရင်ခံသည့် စနစ်အရ လိုအပ်သော ချေးငွေသတင်းအချက်အလက် အမှန်များကိုပေးရန် ပျက်ကွက် ခြင်းသော်လည်းကောင်း မပြုရ။