ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂၃) တောင်းခံခြင်းမရှိသော ငွေကြေးများ သို့မဟုတ် စာရင်းသေများဆိုင်ရာ အချက်အလက်များ

၁၅၃။ (က) ဘဏ်သည် ဘဏ္ဍာရေးနှစ်အသီးသီး၏ ပထမလအတွင်း ဗဟိုဘဏ်သို့ ၎င်းထံတွင် ခုနစ်နှစ် ကျော်ကြာသည်အထိ လာရောက်မထုတ်ယူသော တောင်းခံခြင်းမရှိသေးသည့် စာရင်းဆိုင်ရာ အချက် အလက်များကို တင်ပြရမည်။

(ခ) ဗဟိုဘဏ်က လိုအပ်သည်ဟု ယူဆလျှင် ပိုင်ရှင်က ထုတ်ယူခြင်းမရှိသော ငွေများနှင့် စာရင်းသေ များအတွက် လမ်းညွှန်ချက် များ ထုတ်ပြန်နိုင်သည်။