၅၆။ ဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးရန်ပုံငွေကို အောက်ပါရငွေများ၊ ပစ္စည်းများဖြင့် ထူထောင်ရမည်-
(က) တည်ဆဲဥပဒေနှင့်အညီ နိုင်ငံ့ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေ၊
(ခ) တရားရုံးမှချမှတ်သော ဒဏ်ငွေ၏ ငါးရာခိုင်နှုန်း၊
(ဂ) ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများ။
၅၇။ ဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးရန်ပုံငွေကို အောက်ပါကိစ္စများအတွက် အသုံးပြုရန်နှင့် ကုန်ကျစရိတ်များ ကျခံရန် ခွင့်ပြုနိုင်သည်-
(က) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာ၌ လိုအပ်သောကုန်ကျစရိတ်များ၊
(ခ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် လိုအပ်သောအစီ အမံများ ချမှတ်ဆောင်ရွက်သည့်ကိစ္စများ၊
(ဂ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း နှင့်ဖော်ထုတ်ရာတွင် ကူညီထောက်ပံ့ပေးသည့် ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ထိုက်သင့်သည့်ဆုကြေး ငွေချီးမြှင့်သည့်ကိစ္စများ၊
(ဃ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပ ညာပေး အစီအစဉ်များ၊ စွမ်းရည်မြှင့်တင်ရေးအစီအမံများ ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်များ၊
(င) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အ ထောက်အကူပြုပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းဆိုင်ရာကုန်ကျစရိတ်များ၊
(စ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများ၊
(ဆ) ဗဟိုအဖွဲ့က သတ်မှတ်သော အခြားလိုအပ်သည့်ကိစ္စများနှင့် အခြားအရေးပေါ်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်များ၊
(ဇ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက် သူအား ဆုငွေချီးမြှင့်သည့်ကိစ္စများ။