ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁၃) တရားခံလွှဲပြောင်းပေးခြင်း

၅၄။ (က) ဤဥပဒေပါ ငွေကြေးခဝါချမှုကို တရားခံလွှဲပြောင်းပေးနိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရမည့် အပြင် တရားခံလွှဲပြောင်းရေးကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) ဤဥပဒေအရ တရားခံလွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုခြင်းခံရ သည့်နိုင်ငံ၏ ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အခြားစည်းကမ်းချက်များကို အထောက်အထားပြု၍ ဆောင် ရွက်ရမည်။

၅၅။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဝင်နိုင်ငံတစ်ခုခုမှဖြစ်စေ၊ ဒေသဆိုင်ရာအဖွဲ့ဝင်နိုင်ငံတစ်ခုခုမှဖြစ်စေ ဤဥပဒေပါ ငွေကြေးခဝါချမှုတစ်ရပ်ရပ်ကို ပြည်တွင်း၌ ကျူးလွန်သည့် တရားခံအား ပြည်ပသို့ လွှဲ ပြောင်းပေးရန်နှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရန် မေတ္တာရပ်ခံချက်တို့နှင့် စပ်လျဉ်း၍-

(က) ဤဥပဒေနှင့်အကျုံးဝင်သည့် ငွေကြေးခဝါချမှုများကို နိုင်ငံရေးပြစ်မှု၊ ယင်းနှင့်ဆက်နွှယ်သည့်ပြစ် မှု သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်အတွက် ကျူးလွန်သည့်ပြစ်မှုဟု မှတ်ယူခြင်းမပြုရ။

(ခ) ယင်းမေတ္တာရပ်ခံချက်တွင် ဖော်ပြပါရှိသည့် ကျူးလွန်ခဲ့သော ငွေကြေးခဝါချမှုမှာ နိုင်ငံရေးပြစ်မှု၊ ယင်းနှင့်ဆက်နွှယ်သည့်ပြစ်မှု သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်အတွက် ကျူးလွန်သည့်ပြစ်မှုဟူသော အ ကြောင်းပြချက်တစ်ခုတည်းဖြင့် ငြင်းပယ်ခြင်းမပြုရ။