ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁၂) နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

၅၃။ ဗဟိုအဖွဲ့သည် အောက်ပါကိစ္စရပ်များ အပါအဝင် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြု လုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အ စည်းဝင်နိုင်ငံများနှင့်လည်းကောင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်-

(က) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ သတင်းဖလှယ်ခြင်း၊

(ခ)  ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ စီစဉ်ညွှန်ကြား ခြင်း၊ ပြင်ဆင်ခြင်း၊ စီမံခြင်းနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေး ဥပဒေ နှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဂ) ​ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလေ့ကျင့်ရေး၊ နည်း ပညာပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊

(ဃ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရာတွင် နိုင်ငံတကာစံနှုန်းများ နှင့်အညီဖြစ်စေရန် စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊

(စ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ကိုပူးပေါင်းဆောင်ရွက်ခြင်း။