၉။ ဗဟိုအဖွဲ့သည် သတင်းပို့ချက်များကိုလည်းကောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှုများနှင့် ဆက်နွှယ်သည့် အခြားသောသတင်းအချက်အလက်များကို လည်း ကောင်း၊ လက်ခံခြင်း၊ တောင်းဆိုခြင်း၊ စိစစ်ခြင်းနှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုနှင့်သော်လည်းကောင်း၊ ဤဥပဒေနှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်နှင့်သော် လည်း ကောင်း ဆက်နွှယ်သည်ဟု သံသယရှိသည့်အခါ စိစစ်တွေ့ရှိချက်ရလဒ်နှင့် အခြားသက်ဆိုင်သည့် သ တင်းအချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင် စွာပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းများ ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ဗဟိုအဖွဲ့အစည်းတစ်ရပ်အဖြစ် ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
၁၀။ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည်-
(က) သတင်းပို့အဖွဲ့အစည်းများက လိုက်နာအသုံးပြုဆောင်ရွက်ရမည့် သတင်းပို့ချက်သတ်မှတ်ပုံစံများ၊ သတင်းပို့ချက်တွင် ပါဝင်ရမည့် အချက်များ၊ သတင်းပေးပို့ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်းများနှင့် သတင်းပို့ခြင်းဆိုင်ရာနည်းလမ်းများကို အခါအားလျော်စွာ ထုတ်ပြန်ရမည်။
(ခ) ငွေကြေးခဝါချမှု သို့မဟုတ် ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု သံ သယရှိလျှင် စိစစ်ချက်ရလဒ် သို့မဟုတ် အခြားသော သက်ဆိုင်ရာရရှိသည့် သတင်းအချက်အလက်များ ကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင်စွာပေးအပ်ခြင်း၊ ပြည်တွင်း ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းပြုနိုင်သည်။
(ဂ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၏ အလားအလာများ၊ စောင့်ကြည့်အကဲ ဖြတ်မှုရလဒ်များနှင့် ယင်းပြစ်မှုနှင့်ဆက်စပ်သည့်ပုံစံများ၊ ဦးတည်ရာများ၊ အန္တရာယ်ရှိမှုများနှင့်စပ်လျဉ်း ၍ လေ့လာရရှိသည့် သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖြန့်ဝေခြင်း ပြုရမည်။
(ဃ) ဤဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ပြည်တွင်းမှ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ ပြုရမည်။
(င) ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် အစိုးရ ဌာန၊ အဖွဲ့အစည်းများအား အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းနှင့် လိုအပ်သော အကူအညီအ ထောက်အပံ့ပေးခြင်းတို့ ပြုရမည်။
(စ) အဖွဲ့၏ လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောသတင်းအချက် အလက်အသစ်များကို သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများက သတ်မှတ်သည့်ပုံစံဖြင့် ပေးပို့ရန် ကာ လသတ်မှတ်၍ တောင်းခံနိုင်သည်။
(ဆ) သတင်းပို့အဖွဲ့အစည်းများ၊ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများနှင့် အခြားအစိုးရဌာန၊ အ ဖွဲ့အစည်းများက ရရှိထိန်းသိမ်းထားသည့် မည်သည့်သတင်းပို့ချက် သို့မဟုတ် အချက်အလက်များကို မ ဆို ရယူသုံးစွဲခွင့်ရှိသည်။
(ဇ) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ် ငန်းများကို သက်ဆိုင်ရာပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
(ဈ) ပြည်ပမိတ်ဖက်အဖွဲ့အစည်းနှင့် သဘောတူညီချက် သို့မဟုတ် စီစဉ်ဆောင်ရွက်မှု ပြုလုပ်ခွင့်ရှိသည်။ သဘောတူညီချက်မရှိသည့်အခြေအနေတွင် စည်းမျဉ်းသတ်မှတ်ချက်ကို အခြေခံ၍ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်မှု ပြုနိုင်သည်။
(ည) တည်ဆဲဥပဒေတစ်ရပ်ရပ်က အပ်နှင်းသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
၁၁။ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) မိမိအဖွဲ့အစည်းနှင့်အလားတူ လုပ်ငန်းတာဝန်ရှိပြီး လျှို့ဝှက်ချက်ထိန်းသိမ်းရန် တာဝန်ရှိသော ပြည် တွင်း၊ ပြည်ပအာဏာပိုင်အဖွဲ့အစည်းများနှင့် မိမိဆန္ဒအလျောက်ဖြစ်စေ၊ တောင်းဆိုချက်အရဖြစ်စေ သတင်းအချက်အလက်များဖလှယ်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ဖလှယ်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းပြုသည့် မည်သည့်သတင်းအချက် အလက်ကိုမဆို ပြည်ပမိတ်ဖက်အဖွဲ့အစည်းများအား အောက်ပါနည်းလမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ရန် အကြောင်းကြားရမည်-
(၁) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က အသုံးပြုသည့် ရည်ရွယ်ချက်နှင့် အသုံးပြုပုံအတိုင်း သာ အသုံးပြုစေခြင်း၊
(၂) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု သို့မဟုတ် ပုဒ်မ ၅ ပါပြစ်မှုများတိုက်ဖျက် ရေးအတွက် အသုံးပြုစေခြင်း၊
(၃) အခြားကိစ္စတစ်ရပ်ရပ်အတွက် အသုံးပြုရန် ရည်ရွယ်ပါက ယင်းသတင်းအချက်အလက်ကို ပေးအပ် သည့် အဖွဲ့အစည်း၏ သဘောတူခွင့်ပြုချက် ရယူစေခြင်း။
(ဂ) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ပြည်ပမိတ်ဖက်အဖွဲ့အစည်းထံမှ လက်ခံရရှိသည့် အကူအညီတောင်းခံမှုကို အခြေခံကာ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ) တွင် ရည်ညွှန်းထားသည့် သတင်းအချက် များကို ရယူနိုင်သည့်အပြင် ပြည်တွင်းကိစ္စရပ်များအတွက် အပ်နှင်းထားသောလုပ်ပိုင်ခွင့်များနှင့်အညီ အ ကူအညီတောင်းခံမှုကို အထောက်အကူဖြစ်စေမည့် အခြားသောအရေးယူဆောင်ရွက်ချက်များကို ပြုလုပ် နိုင်သည်။
၁၂။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည်-
(က) စုံစမ်းထောက်လှမ်းသည့်ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရမည်။
(ခ) စိစစ်ရေးအဖွဲ့က တင်ပြသော တင်ပြချက်များကို ဗဟိုအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။