ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၂) ရည်ရွယ်ချက်များ

၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာအရေးယူနိုင်ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားရန်၊

(ခ) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့မှတစ်ဆင့် နိုင်ငံတော်၏ အုပ် ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်၊

(ဂ) နိုင်ငံတော်က လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်ရန်၊

(ဃ) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် မူလပြစ်မှုများတိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊

(င) အမျိုးသားအဆင့်အန္တရာယ်အကဲဖြတ်ခြင်း ဆောင်ရွက်၍ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အ ခြားသောသက်ဆိုင်သည့် အစိုးရဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ငွေကြေးခဝါချမှုနှင့် အ ကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးစနစ်နှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များနှင့် လမ်း ညွှန်ချက်များ ထုတ်ပြန်ရန်။