ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၁၇) ကုန်သွယ်မှုအမည်

၆၃။ (က) ကုန်သွယ်မှုအမည်သည် အမှတ်တံဆိပ်တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ယင်းကုန်သွယ်မှုအမည်ကို မှတ်ပုံတင်ခြင်းမပြုသော်လည်း အကာအကွယ်ပေးရမည်။

(ခ) အမည် သို့မဟုတ် သတ်မှတ်ဖော်ပြချက်တစ်ရပ်၏ သဘောသဘာဝအရဖြစ်စေ၊ ယင်းကိုထည့်သွင်း အသုံးပြုခြင်းအားဖြင့်ဖြစ်စေ အများပြည်သူ၏ အေးချမ်းတည်ငြိမ်ရေး သို့မဟုတ် ကိုယ်ကျင့်သိက္ခာကို ဆန့်ကျင်ထိပါးစေလျှင်၊ အထူးသဖြင့် ယင်းအမည်ဖြင့်ဖော်ပြထားသော စီးပွားရေးလုပ်ငန်း သဘောသဘာဝသည် ကုန်သွယ်မှုနယ်ပယ် သို့မဟုတ် အများပြည်သူကို လှည့်ဖြားသကဲ့သို့ ဖြစ်ပေါ်စေလျှင် ယင်းအမည် သို့မဟုတ် သတ်မှတ်ဖော်ပြချက်ကို ကုန်သွယ်မှုအမည်အဖြစ် အသုံးမပြုရ။

(ဂ) ကုန်သွယ်မှုအမည် တစ်ခုနှင့်ထပ်တူ သို့မဟုတ် အလားတူသော အမှတ်အသားကို အခြားကုန်သွယ်မှုအမည် အဖြစ်လည်းကောင်း၊ အမှတ်တံဆိပ်အဖြစ်လည်းကောင်း ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ အသုံးပြုခြင်းသည် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေလျှင် ကုန်သွယ်မှု အမည်ကို အကာအကွယ်ပေးရမည်။