ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၅) ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၉။ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ထုတ်ပြန် ကြေညာခြင်း၊

(ခ) ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်စာရင်းများကို ထိန်းသိမ်းထားရှိခြင်း၊

(ဂ) မူပိုင်ခွင့်ဆိုင်ရာ နယ်ပယ်အလိုက် ဖွဲ့စည်းထူထောင်ထားသည့် ဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု များကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ) အေဂျင်စီက အခါအားလျော်စွာ ပေးအပ်သော မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။