ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၃) ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းရမည်-

 

(၁)

ဒုတိယသမ္မတ

ဥက္ကဋ္ဌ

(၂)

ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာန

ဒုတိယဥက္ကဋ္ဌ

(၃)

သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ

အဖွဲ့ဝင်

(၄)

အခြားသင့်လျော်သည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်များ

အဖွဲ့ဝင်

(၅)

လေးဦးထက်မပိုသော မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ

အဖွဲ့ဝင်

(၆)

အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦး

အဖွဲ့ဝင်

(၇)

နိုင်ငံတော်သမ္မတမှ တာဝန်ပေးအပ်သူ

အတွင်းရေးမှူး

(၈)

ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်

တွဲဖက်အတွင်းရေးမှူး

 

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ  ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် မူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များ ချမှတ်ခြင်း၊

(ခ) မူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်လမ်းညွှန်မှုပေးခြင်း၊

(ဂ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မူပိုင်ခွင့် စနစ်ဖြင့် အားပေးမြှင့်တင်နိုင်ရန် လမ်းညွှန်မှုပေးခြင်း၊

(ဃ) မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ရေးကို အားပေးမြှင့်တင်ခြင်း၊

(င) မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကောင်းစွာကျင့်သုံး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊

(စ) နည်းပညာနှင့် အခြားလိုအပ်သည့် အထောက်အပံ့များ ရရှိစေရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင် ဆောင်ရွက်ပေးခြင်း၊

(ဆ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းတာဝန် များကို ထမ်းဆောင်ခြင်း။