၂၇။ အေဂျင်စီသည် လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိစေရန် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန် လျော့ပေါ့ခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြံပြုတင်ပြရမည်-
(က) သုတေသနပြုပြီး တီထွင်ဆန်းသစ်သော ကုန်ပစ္စည်း အသစ်ထုတ်လုပ်ခြင်း၊
(ခ) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသ၌ ဦးစားပေးစာရင်းဝင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ဆောင်ရွက်ခြင်း၊
(ဂ) ဘေးထွက်ပစ္စည်းများနှင့် အလေအလွင့် ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက် ခြင်း၊
(ဃ) စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အကျိုးရှိရှိ ထိရောက်စွာ အသုံးချရေးနှင့် ပြန်လည်သုံးစွဲရေးတို့အတွက် အလုပ်ရုံအတွင်း ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်း၊
(င) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသည့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း။