အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၄) စျေးကွက်ရှာဖွေချိတ်ဆက်ပေးခြင်း

၂၆။ အေဂျင်စီသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ စျေးကွက် မြှင့်တင်ရေးအတွက် အောက်ပါတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းစီစဉ် ဆောင်ရွက်ရမည်-

(က) ပို့ကုန်ဦးစားပေးလုပ်ငန်း ဆောင်ရွက်မှုများကို အားပေးခြင်း၊

(ခ) နိုင်ငံတကာစျေးကွက်များ၏ ကျင့်ဝတ်နှင့် စည်းမျဉ်းများကို လုပ်ငန်းဆောင်ရွက်သူများ သိရှိကျွမ်းဝင် စေခြင်း၊

(ဂ) စျေးကွက် ထိုးဖောက်ရေးနှင့် စျေးကွက်ဝေစုများရရှိစေရန် ပံ့ပိုး ဆောင်ရွက်ပေးခြင်း၊

(ဃ) နိုင်ငံတကာစျေးကွက်ကို ချိတ်ဆက်မိစေမည့် စံနှုန်းသတ်မှတ်ချက်များ ဖော်ဆောင်နိုင်ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့ကို စီစဉ်ပေးခြင်း၊

(င) အကောက်ခွန်နှင့် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းဆောင်ရွက်သူများ သိရှိကျွမ်းဝင်စေခြင်းနှင့် ထိုက်သင့်သည့် ဖြေလျှော့မှုများ ရရှိစေခြင်း။