အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၈) စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၏ အခန်းကဏ္ဍ

၁၆။ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသည် ဤဥပဒေ၏ အခြေခံမူဝါဒများကို လိုက်နာဆောင် ရွက်နိုင်စေရန် ဗဟိုကော်မတီ၊ အခြားဆက်စပ်သည့် အဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်ရမည်။

၁၇။ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ကြီးထွားလာစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယင်းတို့၏ စီးပွားရေး အဆင့်အတန်း တိုးတက်ဖြစ်ထွန်းလာစေရေး တို့အတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက်ရမည်။