အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၅) လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၇။ (က) ဗဟိုကော်မတီသည် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

 

(၁)

ဒုတိယသမ္မတတစ်ဦး

ဥက္ကဋ္ဌ

(၂)

တာဝန်ခံဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဒုတိယ ဥက္ကဋ္ဌ

(၃)

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးများ

အဖွဲ့ဝင်

(၄)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ

အဖွဲ့ဝင်

(၅)

အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ

အဖွဲ့ဝင်

(၆)

အသင်းအဖွဲ့များမှ သင့်လျော်သော ပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ

အဖွဲ့ဝင်

 

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းထားသော အဖွဲ့ဝင်များအနက်မှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ကို ဗဟို ကော်မတီက သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။

၈။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များကို ဗဟိုကော်မတီသို့ စုဆောင်းသုံးသပ်တင်ပြခြင်း၊

(ခ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများတွင် အဟန့်အတားဖြစ်နေသော  ကိစ္စရပ်များအား ကျော် လွှားနိုင်ရန် ကူညီ ဆောင်ရွက်ပေးခြင်း၊

(ဂ) စျေးကွက်များချဲ့ထွင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ စီးပွားရေး စျေးကွက်များနှင့် ကျယ်ပြန့်စွာ ချိတ်ဆက် နိုင်ရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ခြင်း၊

(ဃ) ကျွမ်းကျင်လုပ်သားများ လိုအပ်ချက် ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း၊

(င) နည်းပညာလိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် ချိတ်ဆက်၍ ပညာပေးမြှင့် တင်ခြင်း၊

(စ) ပြည်တွင်းပြည်ပမှ ငွေကြေးအကူအညီများ ရယူနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ သို့မဟုတ် ပုဂ္ဂလိက ငွေကြေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊

(ဆ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သက်ဆိုင်ရာဘဏ်များ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် အသေးစားငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊

(ဇ) နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အကြံပြုချက်များ ရယူဖြန့်ဖြူးနိုင်ရန် ပြည်တွင်းပြည်ပ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဈ) အစိုးရဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများရှိ နည်းပညာဆိုင်ရာ သုတေသနဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ည) ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့တို့ကို ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊

(ဋ) ဗဟိုကော်မတီသို့ လုပ်ငန်းအစီရင်ခံစာများနှင့် အခြားလိုအပ်သည့် အစီရင်ခံစာများကို တင်ပြခြင်း၊

(ဌ) အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့ခွဲဝေမှု ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဍ) ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဎ) ဒေသအသီးသီးရှိ ထုတ်လုပ်မှု ကဏ္ဍများနှင့် ရောင်းဝယ်မှု ကဏ္ဍများအား အချင်းချင်း ချိတ်ဆက်မှု ဖြစ်လာစေရန် စီမံဆောင်ရွက်ပေးခြင်း။