အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၂) ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာ ရရှိနိုင်စေရန်၊

(ခ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသည် ပြည်တွင်းပြည်ပ စျေးကွက်များသို့ လက်လှမ်းမီစေ ရန်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည် မြင့်မားတိုးတက်စေရန်၊

(ဂ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက် ရရှိလာစေရန်၊

(ဃ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများ ကို လျော့ပါးစေရန်။