ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၅) အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း

၅၃။ ဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရယူသုံးစွဲခွင့်ရရှိစေရန်အတွက် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသည့် နယ်မြေဒေသများ (underserved area) တွင် အခြေခံဆက်သွယ်ရေး အဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်စေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များချမှတ်ရန် ဦးစီးဌာနအား ညွှန်ကြားနိုင်သည်။

၅၄။ ဝန်ကြီးဌာနသည် အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ် ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး ရန်ပုံငွေကို ကြီးကြပ်ရ မည်။

၅၅။ ဦးစီးဌာနသည် ပုဒ်မ ၅၄ အရ တည်ထောင်ထားသည့် ရန်ပုံငွေကို အသုံးပြု၍ အများပြည်သူအကျိုး ငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်းအစီအစဉ်များ အကောင် အထည်ဖော်ရာတွင် ကြီးကြပ်ရမည်။

၅၆။ ဦးစီးဌာနသည် ပုဒ်မ ၅၅ ပါ အောက်ပါအစီအစဉ်များ ချမှတ်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည်-

(က) ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသေးသည့် နယ်မြေဒေသများကို သတ်မှတ်ခြင်း၊

(ခ) အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဆိုင်ရာရည်မှန်းချက် (universal target) ချမှတ်ခြင်း၊

(ဂ) လိုင်စင်ရသူများမှ လိုက်နာဖြည့်ဆည်းပေးရမည့် အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဆိုင်ရာတာဝန်ဝတ္တရားများ (universal service obligation) သတ်မှတ်ခြင်း။