၂၄။ ဦးစီးဌာနသည် လိုင်စင်များနှင့်စပ်လျဉ်း၍ လုပ်ငန်းအလိုက် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်ထုတ်ပြန်ထားရမည်။
၂၅။ ဦးစီးဌာနသည် နည်းပညာဆိုင်ရာစံချိန်စံညွှန်းများကို လိုင်စင်ရရှိသူများက လိုက်နာဆောင်ရွက်ရန် ကြီးကြပ်ကွပ်ကဲရမည်။
၂၆။ ဦးစီးဌာနသည် ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း ပြုနိုင်ရန်အတွက် ကွန်ရက် အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းအမျိုးအစားများ၏ စံချိန်စံညွှန်းကို သတ်မှတ်ရ မည်။
၂၇။ ကွန်ရက်အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းတစ်မျိုးမျိုးကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့် ချိခြင်းပြုမည့် ကွန်ရက်အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းအမျိုးအစား၏ နည်း ပညာဆိုင်ရာ စံချိန်စံညွှန်းထောက်ခံချက်ရရှိရန် သတ်မှတ်ထားသည့်အတိုင်း ဦးစီးဌာနသို့ လျှောက်ထား ရမည်။
၂၈။ ဦးစီးဌာနသည် နည်းပညာဆိုင်ရာစံချိန်စံညွှန်းထောက်ခံချက် လျှောက်ထားလာခြင်းကို စိစစ်ပြီး ထောက်ခံချက်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။