၂၁။ ဦးစီးဌာနသည် ဝန်ကြီးဌာနက အတည်ပြုထားသော ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက် နှင့် အီလက်ထရောနစ်လိပ်စာ လျာထားသတ်မှတ်ချက်တို့ကို လိုက်နာအသုံးပြုရန် လုပ်ငန်းလိုင်စင် ရရှိ သူအား ညွှန်ကြားရမည်။
၂၂။ ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်ရရှိသူအတွက် မိမိ၏ဆက်သွယ်ရေးဝန်ဆောင်မှုတွင် အသုံးပြုရန် ဆက်သွယ်ရေးနံပါတ်များနှင့် အီလက်ထရောနစ်လိပ်စာများကို စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ် ပြီးအသုံးပြုခွင့်ပေးနိုင်သည်။
၂၃။ ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်ရရှိသူက ဆက်သွယ်ရေးနံပါတ်နှင့် အီလက်ထရောနစ်လိပ်စာတို့ကို ပုဒ်မ ၂၁ အရ ညွှန်ကြားချက်နှင့်အညီ အသုံးပြုခြင်းရှိ မရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင် ရွက်ရမည်။