ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၆) လှိုင်းနှုန်းစဉ်နှင့် ဂြိုဟ်တုပတ်လမ်းကြောင်းတည်နေရာတို့ကို စီမံခန့်ခွဲခြင်း

၁၉။ ဝန်ကြီးဌာနသည် နိုင်ငံလုံးဆိုင်ရာလှိုင်းနှုန်းစဉ်ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဆက်သွယ် ရေး ကွန်ဗင်းရှင်းများနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ခွဲဝေသတ်မှတ်ပေးထားသော ဂြိုဟ်တုပတ်လမ်းကြောင်း တည်နေရာကိုလည်းကောင်း စီမံခန့်ခွဲခြင်း နှင့် ကြီးကြပ်ခြင်းတို့ကို ဆောင် ရွက် ရမည်။

၂၀။ ဦးစီးဌာနသည် နိုင်ငံလုံးဆိုင်ရာလှိုင်းနှုန်းစဉ်လျာထားချက်ပါ လှိုင်းနှုန်းခွင်များအား ပုဂ္ဂိုလ်၊ ဌာန နှင့် အဖွဲ့အစည်းများထံသို့ စည်းကမ်းချက်များ သတ်မှတ်၍ အသုံးပြုခွင့်ပေးနိုင်သည်။