၁၅။ လိုင်စင်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခ၊ အသုံးပြုခ၊ ဝန်ဆောင်ခတို့အပြင် နည်းပညာအရသော် လည်းကောင်း၊ အချိန်အခါလိုအပ်ချက်အရသော်လည်းကောင်း ကောက်ခံမည့် အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။
(ဃ) သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာကျင့်စဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှု စံချိန်စံညွှန်းများကို လည်း ကောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ညွှန်ကြားချက်များကိုလည်းကောင်း လိုက်နာရမည်။
(င) လိုင်စင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ထိခိုက်နစ်နာမှုမရှိစေရန် ဆောင်ရွက် ရမည်။
၁၆။ လုပ်ငန်းလိုင်စင်ရရှိသူသည်-
(က) ဤဥပဒေအရ သတ်မှတ်ခွင့်ပြုထားသည့် လှိုင်းနှုန်းစဉ်လျာထားချက်နှင့်အညီ လိုက်နာဆောင်ရွက် ရမည်။
(ခ) လုပ်ငန်းလိုင်စင်မရရှိသေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တိုးချဲ့လုပ်ကိုင် လိုလျှင်ဖြစ်စေ၊ အခြားလုပ်ငန်းလိုင်စင်ရရှိသူနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်လိုလျှင်ဖြစ်စေ၊ ပူးပေါင်း၍ လုပ်ကိုင်လိုလျှင်ဖြစ်စေ အခန်း (၃) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုချက်နှင့် လုပ်ငန်းလိုင်စင်ကို ထပ်မံရယူရမည်။
(ဂ) အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား စက်မှုပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပြုကြောင်း စစ်ဆေးတွေ့ရှိချက်အရ သို့မဟုတ် အကြောင်းကြားချက်အရ လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်စေရန်ဖြစ်စေ၊ ယင်းဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်အား ယာယီရပ်ဆိုင်းစေရန်ဖြစ်စေ ညွှန်ကြားသည့်အခါ လိုက်ဆောင်ရွက်ရမည်။
၁၇။ လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှတစ်ဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသောသတင်းအချက်အလက်များ၊ အကြောင်းအရာများနှင့် သုံးစွဲသူပြည်သူတစ်ဦး ချင်းစီ၏ လျှို့ဝှက်ထားရှိရမည့် သတင်းအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိပြီး တည်ဆဲဥပ ဒေများနှင့်အညီ ခွင့်ပြုထားသည့်ကိစ္စမှအပ သက်ဆိုင်ခြင်းမရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ။
၁၈။ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရရှိသူသည်-
(က) မိမိပိုင်ဆိုင်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများအား လိုင်စင်တွင် သတ်မှတ်ပေးထားသည့်နေရာ၌ သာ ထားရှိအသုံးပြုရမည်။
(ခ) လိုင်စင်အရ မိမိအား အသုံးပြုခွင့်ပေးထားသည့် ဆက်သွယ်ရေးစက်ပစ္စည်းမှတစ်ဆင့် နိုင်ငံတော်၏ လုံခြုံရေးကို မထိခိုက်စေရန် ဆောင်ရွက်ထားရှိမည်။
(ဂ) မိမိအသုံးပြုသည့် စက်ပစ္စည်းများနှင့် စပ်လျဉ်းပြီး ဦးစီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်။