၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုနိုင် ရန်၊
(ခ) ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ အခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊
(ဂ) ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့်အတူ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်ပြီး အများပြည်သူဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊
(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊
(င) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးကိစ္စများအတွက် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်း၊ ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် လိုင်စင်ရယူပြီးမှသာ အသုံးပြုခွင့်ရှိသော ဆက်သွယ်ရေးပစ္စည်းများကို ကြီးကြပ်နိုင်ရန်။