နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
Download : Myanmar / English
အခန်း (၃) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏တာဝန်များ

၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည်-

(က) တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။

(ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဝင်    ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက် ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင် ရွက်ရမည်။

၆။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်တိုင်  ကြားချက်ကို လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်။ မိမိဌာနက အရေးယူဆောင် ရွက်ရမည့် ကိစ္စမဟုတ်ကြောင်း ​ပေါ်ပေါက်ပါက အကျိုးအကြောင်းဖော်ပြ၍ တိုင်ကြားသူထံ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည့်အပြင် ယင်းပြန်ကြားစာတွင် မည်သည့်ဌာနအဖွဲ့အစည်းသို့ တိုင်ကြားသင့် ကြောင်းအကြံပြုချက်ပါရှိရမည်။