စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၁၀) ရန်ပုံငွေထူထောင်သုံးစွဲခြင်း

၂၇။ ကော်မတီသည် မိမိ၏ရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်ပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း နှင့်အညီ သုံးစွဲရမည်-

(က) စံချိန်စံညွှန်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများနှင့် အခြားစာအုပ်စာတမ်းများကို ရောင်းချရငွေ များ၊

(ခ) အဖွဲ့ဝင်ကြေးများ၊

(ဂ) ဝန်ဆောင်မှုအတွက် ရရှိငွေများ၊

(ဃ) နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများ။

၂၈။ ကော်မတီ၏ ရန်ပုံငွေနှင့်စပ်လျဉ်း၍ အစိုးရအသိအမှတ်ပြုစာရင်းစစ်များက စစ်ဆေး၍ စာရင်းစစ် အစီရင်ခံစာကို ကောင်စီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဘဏ္ဍာရေးနှစ်အလိုက် တင်သွင်းရမည်။