စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၆) အရည်အသွေးထောက်ခံချက်ရရှိရန် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း

၁၇။ အရည်အသွေးထောက်ခံချက် ရရှိလိုသူသည် ဦးစီးဌာန၏ အသိအမှတ်ပြုလွှာရရှိသောဌာန၊ အဖွဲ့အ စည်းသို့ လျှောက်ထားရမည်။

၁၈။ အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်းသည် သတ်မှတ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေး ၍ စည်းကမ်းချက်များပါရှိသည့် အောက်ပါအရည်အသွေးထောက်ခံချက် အမျိုးအစားများကို ထုတ်ပေး ခွင့်ရှိသည်-

(က) ထုတ်ကုန်အရည်အသွေးထောက်ခံချက်၊

(ခ) ထုတ်လုပ်မှုနည်းစဉ်အရည်အသွေးထောက်ခံချက်၊

(ဂ) ဝန်ဆောင်မှုအရည်အသွေးထောက်ခံချက်။