စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၃) အမျိုးသားစံချိန်စံညွှန်းကောင်စီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၄။ အစိုးရအဖွဲ့သည်-

(က) အမျိုးသားစံချိန်စံညွှန်းကောင်စီကို အဖွဲ့ဝင် ၃၀ ဦးထက်မပိုသော ပုဂ္ဂိုလ်များဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-

 

(၁)

အစိုးရအဖွဲ့ကတာဝန်ပေးသော ပြည်ထောင်စုဝန်ကြီးတစ်ဦး

ဥက္ကဋ္ဌ

(၂)

ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ

အဖွဲ့ဝင်များ

(၃)

အစိုးရမဟုတ်သော အဖွဲ့အစည်းများမှာကိုယ်စားလှယ်များ

အဖွဲ့ဝင်များ

(၄)

ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသောပုဂ္ဂိုလ်များနှင့် အခြားသင့်လျော်သောပုဂ္ဂိုလ်များ

အဖွဲ့ဝင်များ

(၅)

ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်

အတွင်းရေးမှူး

 

(ခ) ပုဒ်မခွဲ (က)အရ ကောင်စီဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ကောင်စီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဤဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်း၊

(ခ) အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာစံချိန်စံညွှန်းများနှင့် ပြည်ပနိုင်ငံစံချိန်စံညွှန်းများ အနက် သင့်လျော်သော စံချိန်စံညွှန်းများကို လက်ခံ၍ဖြစ်စေ၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့်အညီ ပြောင်းလဲ၍ဖြစ်စေ မြန်မာနိုင်ငံစံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊

(ဂ) ကုန်ကြမ်းပစ္စည်း၊ စက်ကိရိယာတန်ဆာပလာ၊ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊ စမ်းသပ်စစ်ဆေး နည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အတွက် မြန်မာနိုင်ငံစံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊

(ဃ) သွင်းကုန်ပစ္စည်းနှင့် ပို့ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံစံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊

(င) မြန်မာနိုင်ငံစံချိန်စံညွှန်းများတွင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊

(စ) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများက လက်ခံကျင့်သုံးရေးအတွက် ဆောင်ရွက်ခြင်း၊

(ဆ) စံချိန်စံညွှန်းဆိုင်ရာအမှတ်တံဆိပ် သုံးစွဲခွင့်ရယူထားသော ဌာန၊ အဖွဲ့အစည်းက သက်ဆိုင်ရာစံချိန် စံညွှန်းပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိစမ်းသပ်စစ်ဆေးရန် ကော်မတီသို့ အခါအားလျော်စွာ ညွှန်ကြားခြင်း၊

(ဇ) အသိအမှတ်ပြုလွှာနှင့် အရည်အသွေးထောက်ခံချက်များ ထုတ်ပေးခြင်းဆိုင်ရာ စည်းကမ်းချက်များ ကို သတ်မှတ်ခြင်း၊

(ဈ) အသိအမှတ်ပြုလွှာနှင့် အရည်အသွေးထောက်ခံချက်များနှင့်စပ်လျဉ်း၍ ကော်မတီ၏ တင်ပြချက်ကို အဆုံးအဖြတ်ပေးခြင်း၊

(ည) အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်းက ထုတ်ပေးမည့် အရည်အသွေးထောက်ခံချက် အမျိုးအစားတစ်ခုစီ၏ စံချိန်စံညွှန်းဆိုင်ရာ အမှတ်အသားတံဆိပ်များကို အတည်ပြုခြင်း၊

(ဋ) ဥပဒေအရ တိကျစွာ တိုင်းတာခြင်းနည်းပညာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် ကော်မတီသို့ လိုအပ်သ လိုညွှန်ကြားခြင်း၊

(ဌ) အသိအမှတ်ပြုလွှာပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် အသိ အမှတ်ပြုလွှာရရှိသော သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သတိပေးခြင်း၊ အသိ အမှတ် ပြုလွှာကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ဍ) မြန်မာနိုင်ငံစံချိန်စံညွှန်းဆိုင်ရာကိစ္စများနှင့် ရန်ပုံငွေဆိုင်ရာကိစ္စများကို အစိုးရအဖွဲ့သို့ အခါ အားလျော်စွာ အစီရင်ခံတင်ပြခြင်း။