စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၂) ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရန်၊

(ခ) ကုန်ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ယင်းတို့၏ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို မြင့်မားစေပြီး ပြည်ပပို့ကုန်မြှင့်တင်ရေး အထောက်အကူ ပြုနိုင်ရန်၊

(ဂ) သွင်းကုန်များနှင့် ထုတ်ကုန်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအောက် မနိမ့်ကျကြောင်းနှင့် လုံခြုံမှုရှိပြီး ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းကြောင်းအာမခံခြင်းဖြင့် စားသုံးသူများနှင့် သုံးစွဲသူ များကို အကာအကွယ်ပေးနိုင်ရန်၊

(ဃ) ထုတ်ကုန်များနှင့်လည်းကောင်း၊ ထုတ်လုပ်မှုနည်းစဉ်များနှင့်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း များနှင့်လည်းကောင်း ဆက်စပ်နေသော ပတ်ဝန်းကျင်ကို အန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အထောက်အကူပြုနိုင်ရန်၊

(င) သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် အရည်အသွေးပြည့်မီခြင်းမရှိသော ကုန်ပစ္စည်း များ၊ ဘေးဥပဒ်မကင်းသော ကုန်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သော ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် နိုင်ငံအတွင်းသို့ တင်သွင်းခြင်းမှ ကာကွယ်နိုင်ရန်၊

(စ) အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသများ ထူထောင်ရာတွင် အထောက်အကူဖြစ်စေ ရန်နှင့် ကုန်သွယ်ရေးဆိုင်ရာ နည်းပညာအတားအဆီးများကိုလျှော့ချနိုင်ရန်၊

(ဆ) မြန်မာ့အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့်အညီ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် စံချိန်စံညွှန်းများကို အသုံးချ၍ တိုင်းပြည်၏ နည်းပညာလွှဲပြောင်းပေးမှုနှင့် နည်းပညာတီထွင်မှုတို့ကို လွယ်ကူချောမွေ့စေရန်။